သတင်းများ

အမာမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး Talk Show ပြုလုပ်
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်၊ လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဟောပြောပွဲ ကျင်းပပြုလုပ်
Feb 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် လူမှုအကျိုးပြု ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက ဥယျာဥ်မြောက်ရပ်၊ အမှတ်(၅ ) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံးရှိ မီးငြှိမ်း သတ်ယာဉ်များနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေး
Feb 09,2023
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ရှိစစ်ကိုင်းတိုင်းဒေသကြီး မီးသက်ဦးစီးဌာနရုံးရှိ မီးငြှိမ်းသတ်ယာဉ်များ၊ ကယ်ဆယ်ရေးယာဉ်များနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းရယ်မြို့ အလက၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ပြုလုပ်
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့နံနက်(၉)နာရီက မိုင်းရယ်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းခြင်းများ ပြုလုပ်ပါသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးမီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်နည်းဆိုင်ရာနည်းစနစ်များအား သိရှိနိုင်စေရေးတို့ကို ရည်ရွယ်၍ မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက အမှတ် (၃၆)အခြေခံပညာအထက်တန်းကျောင်း၊အားကစားကွင်းအတွင်း လက်တွေ့သရုပ်ပြသခဲ့သည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ဂီတဖျော်ဖြေပွဲ ကျင်းပမည်
Feb 08,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့၊  ညနေ(၆)နာရီမှ ည(၉)နာရီအထိ ဂီတဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်သည်။
ဘီးလင်းမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်၊ ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Feb 08,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်း၍  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်
Feb 08,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။