စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက်  ပြည်ထောင် စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တက်ရောက်လာသူများကို     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက  စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်မှ မိမိဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို စာကြည့်တိုက်အသင်းဝင်၍  ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် စာအုပ်စာစောင်များအား အင်္ဂါနေ့မှ စနေနေ့အထိ နေ့စဉ်နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအချိန်ထိ စာကြည့်တိုက်သို့ လာရောက်၍ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲတွင် လူငယ်ရေးရာ စာစောင်များ၊ တိုင်းရင်းသားရေးရာ၊ မြန်မာ့ရေးရာစသည့် အများပြည်သူ ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်များ၊ ဝတ္ထု၊ ကဗျာ၊ ကာတွန်းနှင့်ပုံပြင်စာအုပ်များနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့  အထိမ်းအမှတ်  စာစောင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ စုံစုံလင်လင် ပြသထားလျက်ရှိရာ ကျောင်းသား/ကျောင်းသူများနှင့်  စာပေဝါသနာရှင်များက လာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်