သတင်းများ

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေး
Feb 08,2023
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)  နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ယနေ့ နံနက် ၉ နာရီက  အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲများကျင်းပ
Feb 08,2023
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
သန်လျင်၌ ကျေးလက်ရေပေးဝေရေးလုပ်ငန်း ဖွင့်လှစ်
Feb 08,2023
ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု ကျောင်းကံကွင်းကျေးရွာကျေးလက်ရေပေးရေးလုပ်ငန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာ၌ကျင်းပသည်။
ဒက္ခိဏသီရိမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (လူငယ်၊ လူရွယ်)များအနေဖြင့် ပြည်ထောင်စုနေ့သမိုင်းအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာခြင်းဖြင့် ပိုမိုတန်ဖိုးထား လေးစားမြတ်နိုးခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်တည်တံ့ခြင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ
ပန်းဘဲတန်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းအခမ်းအနား ကျင်းပ
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းအခမ်းအနားကို ယနေ့ နံနက် (၉)နာရီတွင် အမှတ်(၃) အခြခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကျွန်းစုမြို့တွင် အ.ထ.က (ခွဲ) ကမ်းကြီးကျောင်း၌ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေးခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ကျင်းပ
Feb 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အ.ထ.က(ခွဲ) ကမ်းကြီးကျောင်း၌ ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီ (မူလတန်းလွန်) ကျောင်း၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၁) နာရီအချိန်က ဟံသာဝတီ (မူလတန်းလွန်) ကျောင်း၌ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် ဆီထွက်သီးနှံ နေကြာ ၁၅၁၇ ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်း
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆောင်းရာသီ ဆီထွက်သီးနှံနေကြာ ၁၅၁၇ ဧက စိုက်ပျိုးထားရှိရာ ရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။