ပေါက်ခေါင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ စာပေပြိုင်ပွဲ၊ အားကစားပြိုင်ပွဲအမျိုးစားများနှင့် ဆုချီးမြှင့်ပေးရန်နှင့်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ တက်ရောက်မည့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ရေး ကြိုတင်ဖိတ်ကြားဆောင်ရွက်ထားရှိနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများအား ခေါ်ယူ၍ (ဒုတိယ)အကြိမ် ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပါရန် မှာကြားသည်။
ယင်းနောက်တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းပြီးစီးမှု၊ အခမ်းအနားပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီများနှင့် အားကစားပြိုင်ပွဲအမျိုးအစားများ ကျင်းပပြုလုပ်သွားမည့်အစီအစဉ်များကို သက်ဆိုင်ရာကော်မတီများအလိုက်ပြောကြားကြသည်။
သန်းထွန်းအောင်(ပြန်/ဆက်)