သတင်းများ

ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ စဲဖဲစံပြကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းပြုလုပ်
Feb 08,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူပေါင်း၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁)ရှိ ရွှေဖီဦးခန်းမ၌ ယနေ့နံနက်(၉)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Feb 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နေပြည် တော်စာပေဝိုင်းမှ စာရေးဆရာများက  စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၌  ပြားမြို့နယ်နှင့်ပေါက်မြို့တောနယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ
Feb 08,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်၌မင်းပြားမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မင်းပြားမြို့နယ် မြို့မအားကစားဘောလုံးကွင်း၌  ယနေ့ နံနက် ၈ နာရီအချိန်က  ကျင်းပပြုလုပ်သည်။
ဝေါမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထကဝေါအရှေ့ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို  ပုံပြင်ပြောပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ကျင်းပ
Feb 08,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နေ့လယ် ၁ နာရီအချိန်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အ.ထ.ကကျောက်ကြီးကျောင်း သပြေဆောင်ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အထက(သဲတန်း)ကျောင်း၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဟောပြောပွဲ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်
Feb 08,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (သဲတန်း)ကျောင်း၌  လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ယမန်နေ့ညနေ (၃)နာရီအချိန်က ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မိုင်းယန်းမြို့၌ (၂၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Feb 08,2023
ကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို မမေ့အပ်ပဲ အစဉ်တန်ဖိုးထားတက်စေရန်နှင့် ရည်ရွယ်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၂ နာရီက ပါမိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ (၂၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပကြောင်း သိရသည်။