သတင်းများ

ကမာရွတ်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပ
Feb 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်လေးများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်နိုင်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယနေ့နံနက် ၁၀ နာရီက ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ အမှတ်(၄)အခြေခံပညာအထက်တန်း​ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(မြို့နယ်အဆင့်) သင်တန်းဖွင့်လှစ်
Feb 08,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း (မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်းလမ်းစည်းကမ်း” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Feb 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ‌ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ နှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို ဟောပြောပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟာလာဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးလျှက်ရှိ
Feb 08,2023
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ဆူးရာဇ်ချောင်းကျေးရွာရှိ ဟာလာဆန်စက်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Feb 08,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနသည် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိ ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၃၅)နှင့် အမှတ် (၃၆)အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုအားပေးသူများဖြင့် စည်ကား
Feb 08,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ၈ ရက်နေ့ထိ စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရှုအားပေးကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
မတ္တရာမြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပ
Feb 08,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာရေးစပ်ပြိုင်ပွဲကို  ဖေဖော်ဝါရီလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။