ဟိုပုံး ဖေဖောဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ဦး ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်် အဖွဲ့ဝင်များ၊ စစ်ကြောင်းကြီး ငါးကြောင်းမှ ဌာနဆိုင်ရာတာဝန်ရှိသူများကလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ကျေးရွာနေ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ နယ်မြေအေး ချမ်းရေးအတွက် ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအသိပညာများကိုလည်းကောင်း၊ လယ်ယာမြေနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့သည်။ အဆိုပါစစ် ကြောင်းကြီး ငါးကြောင်းက ဟိုပုံးမြို့နယ် အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံ့ဖြိုးရေး အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)