သတင်းများ

နှစ်စဉ်ရေရှားပါးပြတ်လပ်မှုရှိသော မွေတော်ကုန်းရပ်ကွက်အား ရေဖြန့်ဖြူးပေးဝေနိုင်ရေး ညှိနှိုင်းဆောင်ရွက်
Jul 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အမြင့်ပိုင်းနေရာတစ်နေရာဖြစ်သော မွေတော်ကုန်းရပ်ကွက်သည် နှစ်စဉ်ရေရှားပါးပြတ်လတ်မှုရှိသော ရပ်ကွက်ဖြစ်သောကြောင့် မွေတော်ကုန်းရပ်ကွက်အား ရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် ယမန့်နေ့မွန်းလွဲ ၃ နာရီ အချိန်က မွေတော်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးမြတ်ခန့်အေးနှင့်အဖွဲ့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မွေတော်ကုန်းရပ်ကွက်ရှိ မိဘပြည်သူ ၈၀ ကျော်တို့ ညှိနှိုင်းအစည်းဝေး ပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့၊ အမက(၁၀) မူလွန်ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jul 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမက (၁၀) မူလွန်ကျောင်းခန်းမ တွင် အသိပညာပေးဟောပြောပွဲ ကျင်းပ‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ပင်းတယမြို့၊ သန့်ရှင်းသာယာလှပရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဆောင်ရွက်
Jul 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့အဝင်ဆိုင်းဘုတ်နှင့် ပြည်သူ့ဆေးရုံရှေ့ လမ်းဘေးဝဲယာတို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ယမန်နေ့နံနက်က စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ပရိတ်သတ်တို့ ပူးပေါင်း၍ စာရေးသူရနံ့သိုက် ရေးသားသော “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” (လူငယ်တို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ) စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်တစ်နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ်၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန်ရည်ရွယ်၍
သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ကွက်သစ်သောက်သုံး ရေကန်အား စက်ယန္တရား၊ လူအင်အားတို့ဖြင့်သန့်ရှင်းရေးပြုလုပ်
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အနော်ရထာလမ်းရှိ မြို့ပေါ်(၁)(၃)ရပ်ကွက်များသို့‌ရေပိုက်လိုင်းဖြင့် ရေဖြန့်ဝေပေးနေသော (၁၀)ဧကကွက်သစ် သောက်သုံးရေကန်သည် ပြည်သူများသောက်သုံး‌ရေ အားကိုးအားထားပြုနေရ‌ သောရေကန်တစ်ကန်ဖြစ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Jul 21,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ
တွံ​တေးမြို့နယ်အတွင်းရှိ ကျောင်း(၂၁၅)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၂၂၉၃၁)ဦးအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​
Jul 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ တွံ​တေးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာ  ကျောင်းပေါင်း (၂၁၅)ကျောင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ( ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ ကျောင်းသား/သူ (၂၂၉၃၁)ဦးအား ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။