ကျောက်ဆည် ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာဆိုင်ရာဝန်ထမ်းများ၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာများ ပိုမိုပြည့်စုံကြွယ်ဝစေပြီး အမှားအမှန် စဉ်းစားဆုံဖြတ်တတ်စေ၍ စာပေဖတ်ရှုလိုသည့်စိတ်များ ဖြစ်ပေါ်ရန်အတွက် စာဖတ်ရှိမြင့်မားရေး Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းပေးခြင်း လုပ်ငန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၃)နာရီ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုသရေးဦးစီးဌာနများသို့ သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာအုပ်ငှားများရမ်းပေးခြင်းသည် ဌာနဆိုင်ရာလုပ်ငန်းများဖြင့် မအားလပ်၍ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သည့်ဝန်ထမ်းများအား ရွေးချယ်ပြီး ၎င်းတို့ဖတ်ရှုလိုသည့် သုတ/ရသစာပေများ ရွေးချယ်ငှားရမ်းပေးခြင်းဖြစ်ကြောင်း နှင့် ငှားရမ်းပေးသည့်စာအုပ်များကို တစ်ပတ်လျှင်တစ်ကြိမ် ပြန်လည်သိမ်းဆည်းပြီး စာအုပ်အသစ်များ ထပ်မံငှားရမ်း ပေးခြင်းဖြစ်ကြောင်း စာကြည့်တိုက်မှူး ဒေါ်မိုးမိုးအေးက ပြောပြသည်။
သက်မောင်၊ ကျောက်ဆည်