မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတုသို့ တိုင်ခဲ့လေပြီ
Feb 18,2023
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ယနေ့(၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့)တွင် (၇၅)နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်၍ စိန်ရတုသို့ တိုင်ခဲ့လေပြီ။ ၁၉၄၈ ခုနှစ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့်အချိန်မှစ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုတို့ဖြင့် ထူးခြားသော ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့သည်။ နိုင်ငံတကာအခင်းအကျင်းတွင် ပြောင်းလဲမှုများ ရှိလင့်ကစား မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့သည် ဆက်လက်နွေးထွေး နီးကပ်နေကြဆဲပင် ဖြစ်သည်။