သတင်းများ

ရန်ကင်းမြို့နယ်ရှိ ကာကွယ်ဆေး မထိုးနှံရသေးသူ ကျောင်းသား/သူ (၅၄၉) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး sinopharm ပထမအကြိမ် ထိုးနှံပေး
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မှ ကျောင်းသား/သူ (၅၄၉) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် ၄ ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်တံတား ဆောက်လုပ်မှုအခြေအနေ တိုင်းဒေသကြီး ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက်က တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက် မည့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ဆိပ်သာလေး ကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမု ချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ) တည်ဆောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည် ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက တံတားဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။
သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၂၃)ဦးတို့၏ ပင်စင် လစာငွေများ ပုံမှန်ထုတ်ပေး
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ထုတ်ပေးလျက်ရှိသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး စာပေဟောပြောပွဲကျင်းပ
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးစာပေဟောပြောပွဲကို ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ) စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့်ယမန်နေ့ မွန်းတည့်၁၂:၀၀ က ကျင်းပပြုလုပ်ခဲ့ သည်။
ခိုလမ်မြို့အ.ထ.ကကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူပူဇော်ပွဲအခမ်းအနားကျင်းပ
Jul 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးဦးစိုးအောင်က ဦးဆောင်ပြီး ယမန်နေ့ နံနက် (၁၀:၃၀)နာရီအချိန်က ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပူဇော်ခြင်းကို
မြို့တွင်းရေကြီးရေလျှံမှုမရှိစေရေးအတွက်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jul 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့အတွင်း ရေကြီးရေလျှံမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့်အဖွဲ့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဝင်များသည် အမှတ် ၄ ရပ်ကွက်ရှိ လမ်းသွယ်များနှင့် လွိုင်လင်မြို့​၏ အဓိက ရေမြောင်းများအား အမှိုက်များရှင်းလင်းခြင်း၊ မြောင်းဖော်ခြင်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် တောင်သူများအား ဓာတ်မြေဩဇာများထောက်ပံ့
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တောင်သူများသို့ ယမန်နေ့ နံနက်တွင် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံ
Jul 22,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၁၂)အခြေခံပညာမူတန်းကျောင်းရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။