လှည်းကူး ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြပေး နိုင်ရေးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်း အမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသဆောင်ရွက်ခြင်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လှည်းကူးမြို့ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် သည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ခြင်း ဖလှယ်ဆောင်ရွက်ချက်များ၊ အစည်းအဝေးပွဲ တက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင် တည်ဆောက်ရေးလုပ်ငန်းများအား လေ့လာကြည့်ရှုမှု မှတ်တမ်းများအား ပြသထားရှိရာ ဒေသနေပြည်သူများမှ စိတ်ပါ ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)