လင်းခေးတွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများအားပြသ

လင်းခေး ဖေဖော်ဝါရီ ၁၈

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် အများပြည်သူတို့ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ရည်ရွယ်လျက် ယနေ့ကျရောက်သော မြန်မာရုရှားသံတမန် ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား အဆိုပါ ပြဘုတ်၌ ယမန် နေ့မွန်းလွဲပိုင်းမှ စတင်ပြသပေးထားကြောင်း သိရသည်။

၎င်းပြသထားရာတွင် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ် တမ်းဓာတ်ပုံများ ပါရှိပါသည်။ ယင်းသို့ပြသထားခြင်းအား မြို့နယ်အတွင်းရှိ အများပြည် သူတို့က လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိမိတို့ရုံးရှေ့မြေ စိုက်ပြဘုတ်တွင် နိုင်ငံတော် အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ အခါအားလျော်စွာ ဖြစ်ပေါ်လာတတ် သည့် ဒေသတွင်းမှ ထူးခြားဖြစ်စဉ် သတင်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများ နှင့် လူငယ် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆိုင်ရာများ သာမက အများပြည်သူတို့ သိသင့်သိအပ် သော အကြောင်း အရာများအား သိရှိနိုင်စေရန် အစဉ်တစိုက် ဆောင်ရွက်ပြသပေး လျက်ရှိ ကြောင်း အဆိုပါရုံး တာဝန်ရှိသူထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)