ဒဂုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာစေတီတော်၀င်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီထိ ဒဂုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစောပိုင်၊ အဖွဲ့ဝင်(၂) ဦးမြင့်အေး၊ အတွင်းရေးမှူး ရဲမှူးတင်အေးတို့မှ ကြီးကြပ်၍ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာရွှေပြည်ပါ ကျန်းမာရေး ဝန်ထမ်း ၁၂ ဦးမှ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ပြည်လမ်းအနောက်ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း ဆောင်ရွက်ခဲ့ရာ ကျား ၁၀ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း ၂၁ ဦး လာရောက်ထိုးနှံခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦးနှုန်းဖြင့် ၂၁ ဦးအတွက် ဆေးအလုံးရေ ၄.၂ လုံးအား ထိုးနှံပေးခဲ့သည်။