သတင်းများ

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများမှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Feb 18,2023
မော်လမြိုင်မြို့တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့်လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ပဥ္စမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ KS Hotel ခန်းမ၌ ကျင်းပသည်။
အမာမြို့၌ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်စာစောင် ပြသဆောင်ရွက်
Feb 18,2023
နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက် မှတ်တမ်းများအား ပြည်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ တင်ပြပေးနိုင်ရေးအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ် မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အဖြစ် နံရံကပ်စာ‌စောင် ပြသဆောင်ရွက်ခြင်းအား ယနေ့ နံနက်ပိုင်းအချိန်က အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ နံရံကပ်စာစောင်တွင် ပြသ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ပြည်ခရိုင်ရုံး မြေစိုက်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ−ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသထားရှိ
Feb 18,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ−ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့က ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရွှေကျင်မြို့တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နံရံကပ်ပြဘုတ် ပြသ
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယနေ့ မွန်းတည့်(၁၂)နာရီ အချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်
Feb 18,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ညနေပိုင်းက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်
Feb 18,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ညနေပိုင်းက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ပေးအပ်
Feb 18,2023
​ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက် (၇)ခုနှင့် ကျေးရွာ (၂၆၁)ရွာရှိ အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား ယမန်နေ့ ညနေပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက သွားရောက်ပေးအပ်ခဲ့ ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့ပေါ်ရပ်ကွက်ရှိ စာငှားစာဖတ်ပြည်သူများ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်
Feb 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Culb) အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပကာ စာပေအကြောင်းဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။