ဝေါ ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီး အကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများကို ယနေ့နေ့နံနက်ပိုင်းမှစတင်၍ ပြသဆောင်ရွက်ထားလျက်ရှိသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပညာပေးအကြောင်းကို ခင်းကျင်းပြသထားရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရုံး၏နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အစိုးရ၏မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ အလုပ်အကိုင်နှင့်အခွင့်အလမ်းများ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများသိရှိစေရေး ပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စိုးမိုး(ပြန်/ဆက်)