သာစည် မတ် ၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၃ ခုဖြင့် ကျောင်းသား/သူ ၈၂၁ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။
စာစစ်ဌာန ၃ ခုတွင် သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အတွဲ(၁)ဖြေဆိုမည့်သူ ၃၈၀ ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ ၃၅ ဦးနှင့်အတွဲ(၇)ဖြေဆိုမည့်သူ ၁၄၃ ဦး စုစုပေါင်း ၅၅၈ ဦး၊ဟံဇားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အတွဲ(၁)ဖြေဆိုမည့်သူ ၉၈ ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ ၂၇ ဦးနှင့်အတွဲ(၇)ဖြေဆိုမည့်သူ ၈ ဦးစုစုပေါင်း ၁၃၃ ဦး၊ညောင်ရမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အတွဲ (၁)ဖြေဆိုမည့်သူ ၉၅ ဦး၊အတွဲ(၂)ဖြေဆိုမည့်သူ ၁၆ ဦးနှင့်အတွဲ(၇)ဖြေဆိုမည့်သူ ၁၉ ဦးစုစုပေါင်း ၁၃၀ ဦးတို့ဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။
အတွဲ(၁)ဖြေဆိုမည့်ကျောင်းသား/သူ ၅၇၃ ဦးတွင် အတွင်းဖြေဆိုသူ ၅ ဦးပါဝင် ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်