နတ်မောက်မြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်အစည်းအဝေး ကျင်းပ

နတ်မောက် မတ် ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၂၀၂၃ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ဖြေဆိုမည့် စာစစ်ဌာန(၁)ရှိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ လုံခြုံရေးကို ဆောင်ရွက်နိုင်စေရေးနှင့်ဖြေဆိုသည့် ကျောင်းသား/သူများ  ရုတ်တရက်ကျန်းမာရေးဖြစ်လာပါက ဆေးဝါးကုသမှုပြုလုပ်ပေးနိုင်ရန်နှင့် ပြည်သူ့ဆေးရုံတွင်လည်း စာစစ်ဌာနတစ်ခုအဖြစ် ကြိုတင်ပြင်ဆင်ထားရှိရန်၊  ဖြေဆိုသည့်စာစစ်ဌာနနှင့် နီးကပ်သည့်ပတ်ဝန်းကျင်ရှိ အိမ်များအား မီးသုံးစွဲမှုများကို နေ့စဉ်လိုက်လံစစ်ဆေးပေးရန်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနတွင် ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှလည်း မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်လုံခြုံရေးများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း