ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ မတ် ၃

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား/ သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ 

ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းငွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ​မြို့နယ် ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းနှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝေလင်းအောင်၊  လက်ထောက်မီးသတ်ဦးစီးမှူး ဦး​ဝေယံမင်းနှင့်  သက်ဆိုင်ရာကျောင်းအုပ်ကြီးများ ပါဝင်သော အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနငါးခု ဖြစ်သည့် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်သုခကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းများ၌ စာမေးပွဲခန်းများ ပြင်ဆင်ထားရှိမှု၊ လုံခြုံရေးချထားဆောင်ရွက်မှု၊ မီးသတ်ဆေးဗူးများစီစဉ်ထားမှု၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်စီစဉ်ထားမှု၊ အရေးပေါ်လူနာတင်ယာဉ်များစီစဉ်ထားမှု အခြေနေများအား ကွင်းဆင်းစိစစ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)