လဲချား မတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ် အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် လဲချားမြို့နယ် အားကစားမှူး ဦးထိန်လင်းနှင့် ဝန်ထမ်းများမှ ကျောင်းသား/သူ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ မြို့နယ်ကိုယ်စားပြု လက်ရွေးစင် ကစားသမားများပေါ်ထွန်းလာစေရန်၊ကိုယ်ကာယ ကျမ်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ ထိုသို့သင်ကြားပေးရာတွင် ဘောလုံး၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုနှင့် ပိုက်ကျော်ခြင်း စသည့်အားကစားနည်းများကို သင်ကြားပေးလျှက်ရှိပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် အခမဲ့လာရောက်သင်ကြားနိုင်ကြောင်း မြို့နယ်အားကစားမှူး၏ ပြောကြားချက်အရ သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)