နမ့်ဆန်မြို့နယ်တွင် အောက်ဆီဂျင်များအား အခမဲ့ဆက်လက်ဖြန့်ချီပေး
Mar 03,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့ဆေးရုံးတွင် အတွင်းလူနာများအတွက် ထုတ်ပေးသည့်အပြင် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများကျန်းမာရေးအတွက်လိုအပ်သော အောက်ဆီဂျင်များကို မြို့နယ်( Namhsan Oxygen) ပရဟိတလူငယ်များမှတဆင့် ၂၀၂၁ ခုနှစ် စက်တင်ပါလမှစတင်၍ မြို့နယ် Oxygen Plant ကြီးကြပ်ရေးကော်မတီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းရှိ Oxygen Plant စက်ရုံမှထုတ်လုပ်ပြီး အခမဲ့ဖြန့်ချီပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၀ လီတာ ၅ လုံး၊၁၅ လီတာ ၂၈ လုံး၊ ၄၀ လီတာ ၁၁၇လုံး၊ စုစုပေါင်း ၁၅၀ လုံးထုတ်လုပ်ပြီး၊ ၁၀လီတာအိုး ၇လုံး၊ ၁၅ လီတာအိုး ၁၅လုံးနှင့်၄၀လီတာအိုး ၇၉လုံး၊ စုစုပေါင်း ၁၀၁ လုံးအား အခမဲ့ဖြန့်ချီပေးခဲ့ကြောင်း သိရသည်။