ဘုရားသုံးဆူမြို့ တွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ
Aug 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကရင်တိုင်းရင်းသားတို့၏ရိုးရာ ဝါခေါင်လချည် ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှကြီးမှူး၍ ဘုရားသုံးဆူမြို့ အမှတ် (၃)ရပ်ကွက်ရှိ ထောမဲ့ပါဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့နံနက် ၈ နာရီချိန်တွင် အခမ်းအနား စတင်ကျင်းပခဲ့သည်။