မင်းလှမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများကို မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

မင်းလှ မတ် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲချိန်က  မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး‌ရေးလုပ်ငန်းဌာန၊ မြို့နယ်ပညာရေးဌာနတို့မှ တာဝန်ရှိသူများက စာစစ်ဌာနများ၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊‌ သဲ၊ ရေ အသင့်ထားရှိမှု ဆောင်ရွက်ချက်အခြေအနေများနှင့် မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကျင်းပရန် အ.ထ.က မင်းလှ(မြို့ပြင်) စာစစ်ဌာနနှင့် အ.ထ.က စစ်ကွင်း စာစစ်ဌာနတို့စီစဉ်ထားရှိကြောင်း သိရသည်။

ပေါက်စ(ပြန်/ ဆက်)