သတင်းများ

ဘူးသီးတောင်မြို့နယ် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေး အကြံပြုခြင်းများဆောင်ရွက်
Mar 03,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြတောင်ယာယီနေရပ်စွန့်ခွာသူများစခန်း၌ အသိပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ် ကန်စောင့်ကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံရေ ၁၆၀၀ ဂါလန်လှူဒါန်း
Mar 03,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်စောင့်ကျေးရွာသို့ဝေမျှခြင်းပရ ဟိတမိသားစုက ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် ကန်စောင့်ကျေးရွာသို့ သောက်သုံးရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။
မင်းရဲမြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅) လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၄၀၀) ဧက စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ပြီဖြစ်
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မင်းရဲစိုက်ပျိုးရေပေးမြောင်းမှ တိုက်ရိုက်ရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၄၀၀) ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် ပြည်ဝစွာပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်တွင်  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်
Mar 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများမှတစ်ဆင့် ယနေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့ တပေါင်းပွဲတော်စျေးအတွင်း​​ ရောင်းချနေသော စားသောက်ဆိုင်နှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တပေါင်းပွဲတော်ဈေးအတွင်း၌ ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓါတ်စာများနှင့်ဆေးဝါးများ၊ ထောက်ပံ့ငွေများ ပေးအပ်
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး‌ စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကာ ကိုယ်ဝန်ဆောင်မိခင်များကို အာဟာရဓါတ်စာများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ခရမ်းညိုသီးများ ဈေးကောင်းရ‌နေ၍ တိုးချဲ့စိုက်ပျိုးလာ
Mar 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကင်တုံကျေးရွာနေ တောင်သူ ဦးစောလုံ၏ ယာခင်းအတွင်း ခရမ်းညိုသီးများ ဈေးကောင်းရရှိနေသဖြင့် ခရမ်းပျိုးပင်ပေါင်း(၂၀၀)ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်မြတ်ကြီး(လုံးတော်ပြည့်)ရွှေသင်္ကန်းကပ်လှူခြင်း၊ ရေစက်ချပွဲနှင့် (ဆဋ္ဌမ)အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်မြတ်ကြီး (လုံးတော်ပြည့်)ရွှေသင်္ကန်းကပ်လှူခြင်း၊ ရေစက်ချပွဲနှင့် (ဆဋ္ဌမ) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို မြို့ဦးစေတီတော် သံဃနာယကရုံး၌ ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျင်းပခဲ့သည်။