Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂)သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတက်ရောက်
Aug 12,2022
ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃ /၂၀၂၂) ကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်စီးပွားရေးရာ ဝန်ကြီးရုံးခန်း၌ ကျင်းပရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေး အဖွဲ့မှဝါတွင်းကာလ ဆရာလေး(၅၁)ပါးအား ဆွမ်းဆန်များလှူဒါန်း
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ ကန်ကလေးတော ရဓမ္မရိပ်သာအတွင်း သီလဆောက်တည် သီတင်းသုံးနေသော သီလရှင်ဆရာကြီး၊ ဆရာလေး(၅၁)ပါးအား ဆွမ်းဆန်များလှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း သွားရောက်လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းသား/သူများ အားလပ်ချိန်များတွင် ပြည်သူ့စာကြည့်တိုက်ကို လာရောက်စာဖတ်ခြင်းနှင့် စာအုပ်များ ငှားရမ်းဖတ်ရှု
Aug 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာပေချစ်မြတ်နိုးသော ကျောင်းသား/သူလေးများက အားလပ်ချိန်များတွင် လာရောက်စာဖတ်ခြင်းနှင့် စာအုပ်များ ငှားရမ်းဖတ်ရှုခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် အခမ်းအနား လားရှိုးမြို့တွင် ကျင်းပ
Aug 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက် (၉)နာရီအချိန်က ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနခန်းမတွင်
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ ရေငံ-သရက်ကုန်းကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကျင်းပ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်း ကျေးရွာအုပ်စု၊ ရေငံ-သရက်ကုန်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးစီးပြုလုပ်သည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်၊ အတုလရန်အောင် ဘုန်းတော်ကြီးကျောင်း၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
Aug 12,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ အတုလရန်အောင် ဘုန်းတော်ကြီး ကျောင်း၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်အခမ်းအနားကို ဆရာတော် သံဃာတော်များ၊ ကျေးရွာ ရပ်မိ/ရပ်ဖများ၊ တိုင်းရင်းသားညီအစ်ကို၊ မောင်မယ်များက ယမန်နေ့ နံနက်ပိုင်းအချိန်က စုပေါင်းပြီး ကရင် အမျိုးသားသီချင်းကို ရှေးဦးစွာ သီဆို၍ စည်ကားသိုက်မြိုက်စွာဖြင့် ပျော်ရွှင် စွာ ပြုလုပ် ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ မိုးစပါးစိုက်ဧက(၅၂၈၁၇)ဧကစိုက်ပျိုးရန် လျာထားပြီး(၁၉၁၈၁)ဧက စိုက်ပျိုးပြီးဖြစ်
Aug 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း(၂၁၇)ကွင်းတွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ မိုးစပါး(၅၂၇၉၉)ဧက စိုက်ပျိုးရန်လျာထားပြီး(၁၉၁၈၁)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ ကမ်းနီကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Aug 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများ လိုက်ပါ လျက် ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16599
Page
16600
Page
16601
Page
16602
Current page
16603
Page
16604
Page
16605
Page
16606
Page
16607
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department