မိုးမိတ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစားနည်း ၆ မျိုး  အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်

မိုးမိတ် မတ်လ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အခြေခံအားကစားနည်း (၆)မျိုး ကို အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေး၊  ကျန်းမာကြံ့ခိုင်ပြီး အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ရည်ရွယ်၍  အားကစားသင်တန်းများကို အခမဲ့သင်ကြားပေးသွားမည်ဟု မြို့နယ်အားကစားမှူး ဒေါ်အေးအေးအောင်က ပြောသည်။

နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစားနည်းသင်တန်းများမှာ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘော်လီဘော ၊ Fitness Dance / Aerobic စသည့်အခြေခံအားနည်း များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၀ ရက်မှ ဧပြီလ ၅ ရက်နေ့အထိဖြစ်ကာ မတ်လ ၁၈ ရက်မှစတင်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ စာရင်းလာရောက်ပေးသွင်းနိုင်ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)