လဟယ် မတ် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစ (၂)လမှ အသက် (၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ လဟယ်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသည်းရောင်အသားဝါ (ဘီ)၊ ဘီစီဂျီ၊ (၅)မျိုးစပ် ကာကွယ်ဆေး၊ အပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယို၊ ၀က်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးများကို လဟယ်မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ ကလေးသူငယ် (၁၄၇)ဦးနှင့် ကိုယ်၀န်ဆောင်မိခင် (၅၀)ဦးကျော်တို့အား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လဟယ်ပြန်/ဆက်