ကျောက်ဆည် မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း (၃၂၉၁၆) ဧက စိုက်ပျိုးရန်လျာထားပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ နွေသီးနှံများစိုက်ပျိုးရန် ဆည်ရေများ စတင်ပေးဝေလျက်ရှိသဖြင့် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းသီးနှံများကို ဇော်ဂျီဆည်မှ မင်းရဲစိုက်ပျိုးရေပေးမြောင်းဖြင့် ကြက်မင်းတွန်၊ ဖောင်ရွာ၊ အင်တိုင်း၊ သင်တောင်း၊ တောင်နောက်၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး ကျေးရွာအုပ်စုများတွင် (၂၄၀၈)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်းဖြင့် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာ အုပ်စုများတွင် (၃၈၄၂) ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းဖြင့် သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး ကျေးရွာအုပ်စုများတွင် (၂၆၃၅)ဧက၊ ဇီးတောရေ ပေးဝေမြောင်း ဖြင့် ဇရပ်ဖြူ၊ လက်ပန်၊ အနောက်ရွာနန်း ကျေးရွာအုပ်စုများတွင် (၄၂၀) ဧက၊ နွားတက်မြောင်းရေဖြင့် ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ ခံတက်ကုန်း၊ မင်းစု၊ ရဲမအူ၊ စိုက်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော်၊ တောတွင်၊ မြေစိုပါယ် ကျေးရွာအုပ်စုများတွင် (၁၁၇၅၄)ဧက၊ တမုတ် စိုက်ပျိုးရေပေးမြောင်းဖြင့် လက်ပန်ပင်၊ မယ်ဇယ်ပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ သင်ပုတ်၊ ညောင်ရွေ၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း၊ ငါးအိုး၊ ရွာနန်း ကျေးရွာအုပ်စုများတွင်(၄၁၄၈)ဧက၊ အထက်လင်း ဇင်းစိုက်ပျိုးရေပေးမြောင်းဖြင့် သံရွာကျေးရွာအုပ်စုများတွင် (၆၅၀) ဧက၊ ကင်းတားဆည်မှ သင်းဒီး စိုက်ပျိုးရေပေးမြောင်းဖြင့် ကျားကာ၊ ခံတက္ကုန်း၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုများတွင် (၄၅၅၉) ဧက၊ စမာစိုက်ပျိုးရေပေးမြောင်းဖြင့် ဒါန်းတိုင်၊ ရန်ဘက် လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်း၊ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ရှားပင်၊ ဒွေးလှ၊ အနောက်ငါးဆူ ကျေးရွာအုပ်စုများတွင် (၂၅၀၀ )ဧက စုစုပေါင်း (၃၂၉၁၆) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆည် မြို့နယ်အနေဖြင့် နှမ်းသီးနှံများ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ (၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြပြီး နှမ်းသီးနှံများ အောင်မြင် ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နည်းပညာများစနစ်တကျပံ့ပိုးကူညီ ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။
သက်မောင်