ပျဉ်းမနား မတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာမ ခင်စောတင့်ရေးသားထားသည့် “ဘဝပန်းတိုင်စိုက်သူများ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာမခင်စောတင့်ရေးသားထားသည့် “ဘဝပန်းတိုင်စိုက်သူများ” စာအုပ်ပါအကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာမ လုံမငယ်(လူ/မှု)၊ စာရေးဆရာ မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ ဒေါ်သက်သက်မွန်၊ စာရေးဆရာ ခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ စာရေးဆရာ ကျော်လွင်မြင့်(မှော်ဝန်း)၊ စာရေးဆရာ သဘာဝနှင့်စာပေဝါသနာရှင်များက စာရေးဆရာမ ခင်စောတင့်ရေးသားထားသည့် “ဘဝပန်းတိုင်စိုက်သူများ” စာအုပ်ပါအကြောင်းအရာများအား အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)