လားရှိုးမြို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လားရှိုး မတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့နံနက်(၁၀)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တိုင်းမှူးနှင့်အဖွဲ့သည် လားရှိုးကြီးမီးပွိုင့်လမ်းဆုံမှ အဝိုင်းပတ်ထိ လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းလယ်ပန်းခုံပြန်လည်တည်ဆောက်ခြင်း၊ လမ်းမီးတိုင်ခုံများတည်ဆောက်ခြင်း ရေနှုတ်မြောင်းများတူးဖော်ခြင်း စသည့်လုပ်ငန်းများဆောင်ရွက်နေမှုအားကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

ခရိုင်(ပြန်/ဆက်)