ပိုင်ကျုံ မတ် ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု မိုးနိုင်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ်အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မိုးနိုင်းကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား (၂၁) ဦး အား တစ်ဦးလျှင် (၃၀၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ (၆၃၀၀၀ဝိ/-) တိတိကို သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိသူများတို့က လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုတို့တွင် လူမှုရေးပင်စင် ခံစားခွင့် ရှိသော အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွားစုစုပေါင်း (၃၅၇) ဦးရှိကြောင်း သိရှိရသည်။
နော်ခူး (ပြန်/ဆက်)