သတင်းများ

ကမာရွတ်မြို့နယ်တွင် သန့်ရှင်း​ရေးဆောင်ရွက်​နေမှုကို မြို့​တော်ဝန်ကြည့်ရှုအား​ပေး
Mar 05,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့ နံနက်ပိုင်း (၆)နာရီမှစတင်၍ ကမာရွတ်မြို့နယ်၊‌ အမှတ်(၉)ရပ်ကွက်၊‌ ရန်ကုန်တက္ကသိုလ်ဝန်းတွင် ခရိုင်စီမံအဖွဲ့ဝင်(၁)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦး‌ဆောင်မူ့ဖြင့် စု​ပေါင်း သန့်ရှင်း​ဆောင်ရွက်ခဲ့ကြပါသည်။
မိုင်းရှူးမြို့၌ ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့ (၁၉)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Mar 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။
တပေါင်းလပြည့်နေ့ အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Mar 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်(၁၁)နာရီက တပေါင်းလပြည့်နေ့ အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Mar 05,2023
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းအသီးသီးတွင် ခေတ္တခိုလှုံ နေထိုင်လျှက်ရှိသော ကျေးရွာအုပ်စု (၈)အုပ်စု မှ မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာစခန်းမှ ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်းသာသာလှပစေရေးအတွက် ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး
Mar 04,2023
မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ​ဦးဇိနဘုရား ဘေးတောင်ရိုးတန်း တစ်လျှောက်ရှိခြုံနွယ် ပိတ်ပေါင်းများ မြက်ခြောက်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ သစ်တော၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ ရပ်ကွက် (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် YMBA စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
တောင်ကုတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိ စာစစ်ဌာန(၂)ခုတွင် မီးဘေးလုံခြုံရေးစစ်ဆေး
Mar 04,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့ပေါ်ရှိစာစစ်ဌာန(၂)ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လိုင်းများ ရေပေးဝေရေးအတွက် ရေပိုက်လမ်းကြောင်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး
Mar 04,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ပေါ် ရပ်ကွက်များတွင် အသစ်တိုးချဲ့ထားသည့် မြို့တွင်းရေပိုက်လမ်းကြောင်းများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၄ ရက်နေ့ထိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Mar 04,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။