သတင်းများ

နောင်ချိုမြို့နယ်၊ ကျောက်တော အ.လ.ကကျောင်းနှင့် မူလွန် အ.မ.ကကျောင်းတို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက မျက်ချင်းနုမူလွန်ကျောင်း၌ လည်းကောင်း၊ နေ့လယ် ၁ နာရီအချိန်က ကျောက်တော အ.လ.က ကျောင်း၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Aug 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ယမန်နေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မိုင်းပျဉ်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ (၂)နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လောင်းလုံးမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်း အသင်းပေါင်းစုံ အသက်(၁၈)နှစ်အာက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Aug 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ အချိန်က အ-ထ-က၊ ကမြောကင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျေင်းသားကျောင်းသူများနှင့် သင်ကြားပေးသည့်ဆရာဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်
Aug 14,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများနှင့် သင်ကြားပေးသည့်ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီတွင် အထက(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။
တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုပြန်လည်ကျဆင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
Aug 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာယနေ့နံနက် အစောပိုင်းမှစ၍ မိုးရွာသွန်းမှုရပ်တန့်ပြီး ရေများပြန်လည်ကျဆင်းလျက်ရှိရာ သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စစ်တွေမြို့၊ အဓိဋ္ဌာန်ဆရာတော်ကြီး ဘဒ္ဒန္တကုလရက္ခိတ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ မွေးနေ့မင်္ဂလာပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တက်ရောက်ပူဇော်
Aug 14,2022
ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ ကျေးဇူးတော်ရှင် မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန်ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာထေရ်မြတ်ကြီး၏ သက်တော် (၇၅)နှစ်ပြည့် စိန်ရတုဝိဇာတ မွေးနေ့အလှူမင်္ဂလာပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိသိမ်တော်ကြီး၌ အဓိဋ္ဌာန်သာသနာပြုအဖွဲ့မှ ဦးဆောင်ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ တက်ရောက်ပူဇော်ကြသည်။
ကျိုက်မရောမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ယူးရီးယား ဓါတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးမည်
Aug 14,2022
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီစပါးသီးနှံ စိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်း၊ မိုးစပါးနည်းပညာပေးစံပြ စိုက်ကွက်များအတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူးရီးယားဓါတ်မြေသြဇာအိတ်များကို ပထမအကြိမ် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သရက်မြို့၌ လူငယ်များအတွက် ဇာတက အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ လူငယ်များအတွက် ဇာတက အသိပညာပေးဟောပြောပွဲကျင်းပခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။