သတင်းများ

ရွှေတောင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 04,2023
 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားကစားနည်းသင်တန်းဆင်းပွဲကျင်းပ
Mar 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့် အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီရက်တို အားစကားနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့် တောင်သူများစုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Mar 04,2023
(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ဒုတိယနေ့အဖြစ် ဌာနဆိုင်ရာများနှင့်တောင်သူများ စုပေါင်း၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ ပုဏ္ဏားကျွန်းမြို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Mar 04,2023
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ၊ သမားတော်ကြီးများ ဦးဆောင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ လောကမာရဇိန် ဘုရားကြီးဗိမာန်တော်၌ အခြေချပြီး ရဟန်း၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ဒေသခံပြည်သူများကို မတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါဘုရားကြီး ဗိမာန်တော်တွင် ယနေ့နံနက်(၈)နာရီကစ၍ ဒေသခံပြည်သူ ၄၀၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစတာပြိုင်ပွဲကျင်းပ
Mar 04,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆) ကြိမ်မြောက် ပန်းချီ၊  ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်း
Mar 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ ဆွမ်း အခက်အခဲမရှိစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်များ ဆက်ကပ် လှူဒါန်းလျက်ရှိရာ မိုင်းယုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့က မြို့မထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဆွမ်းဆန်များ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သာ​ကေတမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာန(၂)ခု၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန် ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 04,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ယနေ့နံနက်(၉:၀၀)နာရီအချိန်က ၂၀၂၃ ခုနစ် မတ်လ ၈ ရက်‌နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် အမှတ်(၁)၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်း၍ ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ စာစစ်ဌာန(၂)ခုအား ကြည့်ရှု့စစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုမည့် စာသင်ခန်းများ၌ အလင်းရောင်ရရှိမှုရှိ၊ မရှိ၊တပ်ဆင်ထားသည့် လျှပ်စစ်မီးချောင်းများ ကောင်းမွန်ခြင်း ရှိ၊ မရှိမီးဘေးလုံခြုံမှု ရှိမရှိကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ဆီဆိုင်မြို့နယ် ထီလုံးဆူကျေးရွာကုန်ထုတ်လမ်းပေါ်တွင် Box Culvert တံတားများတည်ဆောက်လျက်ရှိသဖြင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်လာတော့မည်
Mar 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးကိုအကျိုးပြုစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် လွယ်ပွတ်ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert) တံတား(၃)စင်းဆောင်ရွက်ပြီးစီးမှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်နှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။