ကမာရွတ်မြို့နယ်တွင် သန့်ရှင်း​ရေးဆောင်ရွက်​နေမှုကို မြို့​တော်ဝန်ကြည့်ရှုအား​ပေး

ကမာရွတ် ဖေ​ဖော်ဝါရီ ၅

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့ နံနက်ပိုင်း (၆)နာရီမှစတင်၍ ကမာရွတ်မြို့နယ်၊‌ အမှတ်(၉)ရပ်ကွက်၊‌ ရန်ကုန်တက္ကသိုလ်ဝန်းတွင် ခရိုင်စီမံအဖွဲ့ဝင်(၁)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦး‌ဆောင်မှုဖြင့် စု​ပေါင်း သန့်ရှင်း​ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ​ ဆောင်ရွက်မှုကိုမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးရုံးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လမ်းတံတား၊ ပန်းဥယျာဉ်၊ ရေစီးရေလာ၊ ပတ်ဝန်ကျင်ထိန်းသိမ်း​ရေးနှင့် သန့်ရှင်း​ရေးဌာန၊ ရေသန့်ဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဌာနတို့ မှဝန်ထမ်းများ၊ ကြက်​ခြေနီ၊ မီးသတ်နှင့်လူမှု​ရေးအသင်းအဖွဲ့များဖြင့် ရေမြောင်းရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမိူက်ရှင်းလင်းခြင်း၊ များအား ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့​ဆောင်ရွက်​နေမှုအား ရန်ကုန်စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဠ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မြို့တော်စည်ပင်သာယာမှ တာဝန်ရှိသူများမှ လာရောက်ကြည့်ရှုခဲ့အား​ပေး​ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)