မင်းလှမြို့နယ်၌ လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးထောက်ပံ့ငွေများပေးအပ်
Mar 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စုရှိ သက်ကယ်ကျင်းကျေးရွာနှင့် ညောင်ပင်ကျင်းကျေးရွာတို့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန် လူနေအိမ် (၁၀၀)လုံးအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။