ဂွမြို့နယ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 05,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ သိမ်ကုန်းစေတီတော် မြတ်ကြီးတွင် ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့နှင့် ပတ်သက်၍ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။