တောင်ကုတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရှိ စာစစ်ဌာန(၂)ခုတွင် မီးဘေးလုံခြုံရေးစစ်ဆေး

တောင်ကုတ် မတ် ၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့ပေါ်ရှိစာစစ်ဌာန(၂)ခုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့ပေါ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က(၁)နှင့် အ.ထ.က(၄) ဂူတာတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား(၃၁၉)ဦး၊ ကျောင်းသူ(၄၀၉)ဦး စုစုပေါင်း(၇၂၈)ဦးတို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ရာ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်နှင့်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးများ လေပေါင်ချိန်ပြည့်မပြည့်နှင့်အသုံးပြုရန် သင့်မသင့်စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များထားရှိမှုနှင့် ရေသိုလှောင်ထားရှိမှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာန(၅)ခုရှိရာ တောင်ကုတ်မြို့ပေါ်တွင်(၂)ခု၊ တန်းလွဲရွာမမြို့တွင် (၁)ခု၊လမူးမော်ရွာတွင်(၁)ခုနှင့် မအီမြို့တွင်(၁)ခုတို့ဖြစ်ပြီး သက်ဆိုင်ရာစာစစ်ဌာနများအလိုက် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဦးစီးဌာနမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်