ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မြောက်ဦး မတ် 

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့ရှိ ယာယီနေရပ်စွန့်ခွာစခန်းအသီးသီးတွင် ခေတ္တခိုလှုံ နေထိုင်လျှက်ရှိသော ကျေးရွာအုပ်စု ()အုပ်စု မှ မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာစခန်းမှ ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် နာရီ ၃၀ မိနစ်အချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရှေ့တန်းအမှတ်(၅၅) ခြေလျင်တပ်မဌာနချုပ်၊ တပ်မမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တ ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်မောင်စိုးမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် () ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ အိမ်ထောင်စု () စုလျှင် ငွေကျပ် () သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၄၂) စုအတွက် ထောက် ပံ့ငွေကျပ် (၇၁၀) သိန်းအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်မောင်စိုးမှလည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ပြောင်းရွှေ့စရိတ် အိမ်ထောင်စု () စုလျှင် ငွေကျပ် () သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၄၂) စုအတွက် ထောက်ပံ့ငွေကျပ် (၁၄၂) သိန်းအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက် က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် လူ () ဦးကို ရိက္ခာဆန် () ရက်လျှင် () ဗူးနှုန်းဖြင့် လူဦးရေ (၅၈၂) ဦးအတွက် () လစာငွေကျပ် (၅၂၃၈၀၀၀) ကျပ်အားလည်းကောင်း၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစန်နီ မှ လူသုံးကုန်ပစ္စည်း(၁၇) မျိုးပါဝင်သော Family Kit ပုံး (၁၄၂) ပုံး တို့ကို ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီး ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရှေ့တန်းအမှတ်(၅၅) ခြေလျင်တပ်မဌာနချုပ် တပ်မမှူး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာစခန်းမှ ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး လိုက်လံနှုတ်ဆက်ပို့ဆောင်ပေးခဲ့ကာ နေရပ်အသီးသီးသို့ သယ်ဆောင်မည့် ပစ္စည်းများအား နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေအိမ်အရောက် မော်တော်ကား၊ စက်လှေများဖြင့် ကူညီသယ်ယူရွှေ့ပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)