သတင်းများ

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Mar 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ယဉ်ကျေးမှုများကို တိုးတိုက်မိခြင်း” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေးသင်တန်းဖွင့်လှစ်
Mar 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မွေးမြူနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ တားဆီးကာကွယ်ရေးသင်တန်းကို ယမန့်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Mar 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့တွင် မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြို လှုပ်ရှားမှုအနေဖြင့် လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာ၀န် ဒေါက်တာ ဝိုင်းအောင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က လဟယ်မြို့နယ် ညှင်ရှောင်ကျေးရွာသို့ ကွင်းဆင်းပြီး ကလေး‌၊ လူကြီး လူနာ စုစုပေါင်း (၁၈၇)ဦးအား ကျန်းမာရေစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂)မျိုးစံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသ
Mar 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဆင်းရွှေကြာ (၂)စံကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန် မြို့ဦးရပ်ကွက်၊ဇူလကျေးရွာတွင် ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၈)ဦး တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည်
Mar 04,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၃၈) ဦး စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Mar 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက ရေနံတောင်ကျေးရွာအုပ်စု ရေနံတောင် ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်
Mar 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို၌ မတ်လ(၃)ရက်နေ့ ည(၁၀)နာရီခန့်က ဝိန်းနေရပ်ကွက်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နံနက် (၉)နာရီ အချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ ရာသီစာသံလွင်ရွက်နု(ဖတ်မန်း)ခူးချိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Mar 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းက ဒူးကြီးကျေးရွာအုပ်စုရှိ ဒေသများနှင့် ဝမ်စလောင်းကျေးရွာ အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်ကျေးရွာများမှ ရာသီပေါ် သံလွင်ရွက်(ခေါ်)ရှမ်းအခေါ်(ဖတ်မန်း)ရွက်များ ရှာဖွေခူးဆွတ်ရောင်းချခြင်းဖြင့် လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း သံလွင်ရွက်(ဖတ်မန်း)ရွက် ခူးဆွတ်ရောင်းချသူများထံမှ သိရသည်။