ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ထန်းတပင်(ပဲခူး) မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို  မြို့နယ်လုံခြုံရေးမှူး ဗိုလ်မှူး အောင်အောင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဝင်းစိန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မသန်းစိန်နှင့်တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေစဉ်ကာလအတွင်း မီးသတ်ဆေးဘူးထားရှိမှု အခြေ အနေ၊ ကျောင်တွင်းသန့်ရှင်းမှုရှိစေရေး၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံမှုရှိစေပြီး ကျောင်းတွင်း ကျောင်းပြင်ပ လုံခြုံမှုရှိ စေရေးနှင့်စိတ်အေးချမ်းစွာဖြေဆိုနိုင်စေရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)