"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ မိုးနှောင်းကာလ နေကြာမျိုးစေ့ထုတ်စိုက်ပျိုး
Aug 14,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသတွင်း စားသုံးဆီဖူလုံ စေရန်နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင် စေရန်အတွက် မိုးနှောင်းကာလ နေကြာမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းက ဟိုပန်နယ်စပ် ဘိန်းအစားထိုးခြံတွင် တစ်ဧကနှင့် တောင်သူ ဦးစိုင်းအိုက်လိတ်၏ မိုင်မန်ကွင်းတွင် တစ်ဧက စုစုပေါင်း နေကြာမျိုးစေ့ထုတ်စံပြကွက် (၂)ဧကတို့၌ လက်တွေ့ စိုက်ပျိုးဆောင်ရွက် ခဲ့ကြောင်း သိရသည်။