သတင်းများ

ညောင်ရွှေမြို့ စဝ်စံထွန်းစာကြည့်တိုက် ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Mar 05,2023
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ သမိုင်းဝင်စဝ်စံထွန်းစာကြည့်တိုက် ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့၊ ဖောင်တော်ဆိုက်လမ်းရှိ အဆိုပါစာကြည့်တိုက် အဆောက်အဦ၌ ပြုလုပ်ခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေမြောင်ကျေးရွာမြေနီ ကျောက်စရစ်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ရွှေမြောင်ကျေးရွာ မြေနီကျောက်စရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယ​မန်နေ့နံနက် ၉နာရီက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက် အမှတ် (၇) လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက် အမှတ် (၇) လမ်းတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ
Mar 05,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အခြေခံကွန်ပျူတာနှင့်အင်္ဂလိပ်စာသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Centre)၊ တောင်ကြီး၊ ဘက်စုံသုံးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်သည်။
အုတ်ဖိုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချ
Mar 05,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချခြင်းကို အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယနေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ
Mar 05,2023
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ တက်ရောက်အမှာစကား ပြောကြားသည်။
ဓနုဖြူမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးဆောင်ရွက်
Mar 05,2023
ဓနုဖြူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃/၀.၄ ကေဗွီ ဓာတ်အားခွဲရုံ၊ ၃၃/၀.၄ ကေဗွီ ဓာတ်အားခွဲရုံ၊ ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ ၀.၄ ကေဗွီ ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေး၊ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးတို့အတွက်