သတင်းများ

နတ်မောက်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် နှင်းပန်းများ စိုက်ပျိုး
Aug 15,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူအချို့သည် မျိုးတူ မျိုးကွဲသီးနှံများကို သမားရိုးကျ စိုက်ပျိုးလျက်ရှိရာမှ ယခုအခါ နှင်းပန်းများကို ပူးတွဲ၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မိုင်းငေါ့မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး
Aug 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒုလဝကမှူး ဦးခမ်းရီမှမိုင်းငေါ့မြို အခြေခံပညာအထက်တန်းကျောင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသူ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၁၀) နာရီအချိန်က အဆိုပါ အ.ထ.က ကျောင်းရှိ ကျောက်စိမ်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နည်းလမ်းများ အသိပညာပေး Talk Show ဆောင်ရွက်
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန Community Centre တွင် မနောသိဒ္ဓိ တိုင်းရင်းဆေးဆရာမမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နည်းလမ်းများ အသိပညာပေး Talk Show အစီအစဉ်အား ယမန်နေ့ညနေ ၄ နာရီအချိန်က ဆောင်ရွက်သည်။
မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံရေးအသိပေးကြေညာ
Aug 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံကြရန် ယမန်နေ့ည ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်
Aug 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဒုတိယအပတ်အဖြစ် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာကြံ့ခိုင်စေရန် ပြိုင်ပွဲများကျင်းပ
Aug 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက်အား ကစားပြိုင်ပွဲများကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က တမွှတ်ကျေးရွာအုပ်စု၊ ကျွန်းကြားအခြေခံမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် မိုင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်
Aug 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။