မိုင်းရှူးမြို့၌ ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့ (၁၉)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မိုင်းရှူး မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် အမျိုးသမီးရေးရာအဖွဲ့ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၃ ခုနှစ်၊ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးမှ ချမှတ်သည့် ရှေ့လုပ်ငန်းစဉ်(၉)ရပ်အား အဖွဲ့ဝင် ဒေါ်မြတ်သန္တာဝေက ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များက ဆွေးနွေးလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့များအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ (၄၅)ဦးတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)