မော်လမြိုင် မတ် ၄
မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ဦးဇိနဘုရား ဘေးတောင်ရိုးတန်း တစ်လျှောက်ရှိခြုံနွယ် ပိတ်ပေါင်းများ မြက်ခြောက်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ သစ်တော၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ ရပ်ကွက် (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် YMBA စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)