အုတ်ဖို မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချခြင်းကို အ.ထ.က အုတ်ဖို ဧရာခန်းမတွင် ယနေ့နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်က ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် ပတ်သက်သည့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အ.ထ.က အုတ်ဖိုစာစစ်ဌာနမှ ကြီးကြပ်ရေးမှူး ဆရာမကြီးဒေါ်ခိုင်သီသီမွန်က အခန်း(၃)မှ စာမေးပွဲကြီးကြပ်ခြင်းအကြောင်း၊ အ.ထ.က အိုးသည်ကုန်းစာစစ်ဌာနမှ ကြီးကြပ်ရေးမှူး ဆရာမကြီး ဒေါ်နွဲ့နွဲ့ကြည်က အခန်း (၄) စာမေးပွဲစစ်ဆေးသည့် ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အ.ထ.က အေးမြသာယာ စာစစ်ဌာနမှ ကြီးကြပ်ရေးမှူး ဆရာမကြီး ဒေါ်သင်းသင်းထွန်းက အခန်း (၅) တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပို့ချကြပြီး ဆင့်ပွားသင်တန်းကို တက္ကသိုလ်ဝင်မေးပွဲတွင် လ/ထကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ပေးအပ်ထားသော အခြေခံပညာကျောင်းများမှ ဆရာဆရာမ(၉၀) ဦး တတ်ရောက်ခဲ့သည်။
အုတ်ဖိုမြို့နယ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ အတွင်းဖြေ ၄၄ ဦး၊ အပြင်ဖြေ ၃၁၅ ဦး စုစုပေါင်း ၃၅၉ ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကာလကို မတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိဖြေဆို ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်သူ အုတ်ဖို