ကျွန်းလှ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက် အမှတ် (၇) လမ်းတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ထိုကတ္တရာလမ်းအရှည် ၆၂၆ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မခင်းခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၁၅ ဒသမ ၀၂ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းသည် ယခင်က ကျောက်ချောလမ်းဖြစ်ပြီး မိုးရာသီတွင် သွားလာရေးခက်ခဲကြောင်း၊ ယခုကတ္တရာလမ်းခင်းပေးခြင်းကြောင့် ရဟန်းရှင်လူပြည်သူများ ရာသီမရွေးသွားလာရေး လွယ်ကူပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ