ပြည် မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ရွှေမြောင်ကျေးရွာ မြေနီကျောက်စရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင် မြေနီကျောက်စရစ်လမ်း ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ဆောင်ရွက်သည့် ရွှေမြောင်ကျေးရွာမြေနီကျောက်စရစ်ခင်းခြင်းအတွက် တာဝန်ရှိသူများအား အမှတ်တရ အထိမ်းအမှတ်ပစ္စည်းများ ပေးအပ်ချီးမြင့်ကြပြီး ဇီးအုပ်အုပ်စုရွှေမြောင်ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး ကျေးရွာတွင်း ကျောက်စရစ်လမ်းအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ လမ်းမှာ မြေနီကျောက်စရစ်လမ်းအမျိုးအစားဖြစ်ပြီး အရှည် ၄၂၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိကြောင်းနှင့် ယင်းလမ်းအား ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ခင်းကျင်းခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြီးစီးအောင်မြင်ခဲ့ကြောင်း၊ အဆိုပါလမ်းအား VDP. ထောက်ပံငွေ(၁၀)သန်းဖြင့် မ,တည်၍ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း(၁၀.၄)သန်း ကုန်ကျခဲ့ပြီး ကျေးလက်နေပြည်သူများ သွားလာရေး လွယ်ကူပြီး ကျေးလက်ဒေသဖွံဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)