ဓနုဖြူမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးဆောင်ရွက်

  

ဓနုဖြူ မတ် ၅

ဓနုဖြူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃/. ကေဗွီ ဓာတ်အားခွဲရုံ၊ ၃၃/. ကေဗွီ ဓာတ်အားခွဲရုံ၊ ၁၁/. ကေဗွီ  ဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း၊ . ကေဗွီ ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေး၊ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု မရှိစေရေးတို့အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက ဓာတ်အားခွဲရုံများ၏ ဝန်အားများတိုင်းတာခြင်း၊ Connection များစစ်ဆေးခြင်း၊ Load Balancing ပြုလုပ်ခြင်း၊ ထရန်စဖော်မာဆီစစ်ဆေးခြင်းများ၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများရှင်းလင်းခြင်း၊ ဓာတ်အားလိုင်း Connection များပြုပြင်ခြင်း လုပ်ငန်းများကို ကွင်းဆင်း‌ဆောင်ရွက်ခဲ့ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျော့နည်းစေရေးအတွက်  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)