ညောင်ရွှေမြို့ စဝ်စံထွန်းစာကြည့်တိုက် ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ညောင်ရွှေ မတ် ၄

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ သမိုင်းဝင်စဝ်စံထွန်းစာကြည့်တိုက် ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့၊ ဖောင်တော်ဆိုက်လမ်းရှိ အဆိုပါစာကြည့်တိုက် အဆောက်အဦ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး မြို့မိမြို့ဖဦးတင်အောင်ကျော်က စာကြည့်တိုက်သမိုင်းကြောင်းနှင့် ကြီးကြပ်မှုကော်မတီ အသစ်ပြန်လည်ဖွဲ့စည်းရခြင်း အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့သည်။

အစည်းအဝေးတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြပြီး စာကြည့်တိုက် ရေရှည်ခိုင်မာရေးနှင့် စာကြည့်တိုက်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှင်သန်တိုး တက်စေရေးအတွက် ဌာနဆိုင်ရာများ၊ အသိပညာရှင်အတတ်ပညာရှင်များနှင့် ဝါသနာရှင်များ ပါဝင်သည့် စာကြည့်တိုက်ကြီးကြပ်မှု ယာယီကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ