မြောင်းမြမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ပြည်သူများ စာပေဖတ်ရှုလေ့လာပြီး အပြန်အလှန် ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတအတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ်နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာ စေရန်တို့အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။