မြင်းခြံမြို့တွင် လျှပ်စစ်အင်ဗာတာ အပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်ပွား

မြင်းခြံ  မတ် ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက်တွင် ယနေ့ နံနက် (:၃၀) နာရီ အချိန်က လျှပ်စစ်အင်ဗာတာ အပူလွန်ကဲရာမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက် စည်ပင်သာယာဈေးအနီးရှိ ဦးမျိုးအောင် ပိုင်ဆိုင်သော "ရတနာအောင်" စိုက်ပျိုးရေးဆေးဆိုင်မှ လျှပ်စစ်အင်ဗာတာ အပူလွန်ကဲ ရာမှတဆင့်  ဆိုင်အောက်ထပ် (၁) ထပ်နှင့် လယ်သာသုံးပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်သော မီးငြိမ်းသတ်ယာဉ် စီး၊ ရေသယ်ယာဉ် စီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင် သော မီးငြိမ်းသတ် ယာဉ် စီး၊ ရေသယ်ယာဉ် စီး၊ နယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီးနှင့် သန္ဓေတပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဦးမျိုးအောင်အား မြင်းခြံမြို့မရဲစခန်းမှ () ၁၈/၂၀၂၃၊ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။                                          

ကျော်စွာ(မြင်းခြံ)