ထန်းတပင်(ရန်ကုန်) မတ် ၈
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယနေ့မှစတင်၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲသို့လည်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၇)ဦးတို့ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(ထန်းတပင်)စာစစ်ဌာန တစ်ခုထဲတွင်သာ ကျင်းပပြုလုပ်လျက်ရှိပြီးစာရင်းရှိ ကျောင်းတွင်းနှင့်ကျောင်းပြင်ပကျောင်းသား၊ကျောင်းသူ(၂၉၆)ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ကျောင်းတွင်းနှင့်ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ (၂၆၇)ဦးထိ ရှိကြောင်းလည်း သိရသည်။
ဝင်ရောက်ဖြေဆိုရာတွင်လည်း ကျောင်းတွင်းဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ (၁၀)ဦးနှင့် ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၀၁)ဦး၊ ကျောင်းသူ (၁၄၄)ဦးရှိပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၁၁၃)ဦးနှင့် ကျောင်းသူ(၁၅၄)ဦး စုစုပေါင်း(၂၆၇)ဦးရှိကြောင်းလည်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)