အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၇)ခုတွင် စတင်ဖြေဆို

အင်္ဂပူ မတ် ၈

၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊   မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုမည့်‌ ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်တို့မှ သွားရောက်အားပေးခဲ့ပြီး လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့် အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့များမှ စောင့်ကြပ်ဆောင်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ (၇၂၉)ဦး ရှိသည့်အနက်  ယနေ့ဖြေဆိုသူဦးရေ (၆၈၀)ဦး ဝင်ရောက်ဖြေဆိုပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၃.၂၈)ရှိကြောင်းနှင့် မြန်မာစာဘာသာကို အေးချမ်းစွာ စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)