ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာစတင်​ဖြေဆို

ဖား​ဆောင်း မတ် ၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဖား​ဆောင်း)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ(ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဖား​ဆောင်း)စာစစ်ဌာန၌ စာရင်းရှိ ၁၀၀ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၉၄ ဦး၊ ပျက်ကွက် ၆  ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး  ဘေးကင်းကျန်းမာပျော်ရွှင်စွာဖြင့် အခက်အခဲမရှိ ကောင်းမွန်စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး​ကျော်ထင်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်​အုပ်ချုပ်​ရေးမှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာ​မေးပွဲ​ဖြေဆို​နေစဥ်အချိန်၌ စာ​ဖြေ​ဆောင်​ရှေ့ဖြတ်သန်းသွားလာခြင်းနှင့် ဆူပူမှုများမရှိ​စေရန်စနစ်တကျ​ဆောင်ရွက်ထားရှိ​ကြောင်းသိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)